ဖျာပုံခရိုင် အမျိုးသမီးရေးရာ ဆွေးနွေးပွဲနှင့် စကားဝိုင်း ကျင်းပ

 

ဖျာပုံ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီ သင်တန်းကျောင်း ဇဗ္ဗူတလူခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် အမျိုးသမီးရေးရာ တွေ့ဆုံပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ဒေါက်တာ ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာစကား ပြောခဲ့ပြီးနောက်ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ အမျိုးသမီးရေးရာ အဖွဲ့များက အစုအဖွဲ့ သုံးဖွဲ့မှ ” အမျိုးဘာသာသာသနာကို စောင့်ရှောက် ကာကွယ်ခြင်းဖြင့် အမျိုးသမီးများရဲ့ကဏ္ဍ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအခြေအနေများ အပေါ် အမျိုးသမီးများရဲ့အမြင်၊ ပါတီအောင်နိုင်ရေးတွင် အမျိုးသမီးထု ပါဝင်ရေး”တို့ကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဗဟိုအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ တိုင်းဒေသကြီးအမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်နွယ်နွယ်ဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဒေါ်ခင်စောမူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ လေးမြို့နယ်မှ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များ ၁၆ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံ)