အမျိုးဘာသာသာသနာအကျိုးပြုလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်နှင့် ကော်မတီဝင် ဒေါ်အိအိဝင်း၊ ဦးရှိန်းထက်ခေါင် တို့သည် ယခုလ ၁၈ ရက် ညနေပိုင်းက မိမိပါတီမှဖွဲ့စည်းထားသော ‘မင်္ဂလာမြန်မာ’ အဖွဲ့နှင့်အတူ ဇလွန်မြို့နယ် ကော့ကပ်ကလေး ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ် သင်ကြားလျက် ရှိသည့် ဓမ္မစကူးလ် သင်တန်းသို့သွားရောက်ပြီး မုန့်အာဟာရ ကျွေးမွေးလှူဒါန်းကြသည်။

New Picture

ယင်းအခမ်းအနားတွင် ကော့ကပ်ကလေးဘုန်းတော်ကြီး ဦးဥတ္တမစာရ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်တို့က ဓမ္မစကူးလ်သင်တန်းတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ ၁၇ဝ အား ကိုယ်တိုင်ကျွေးမွေးလှူဒါန်းပြီး ကလေးများ စာဖတ်ခြင်းအလေ့အထရှိအောင်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာပေ လေ့လာရေးပျိုးခင်းမှ မြို့နယ်အတွင်းရှိ စာကြည့်တိုက်များရှိသည့် ကျေးရွာများသို့ စာဖတ်သည့်အချိန်ပေးနိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးတို့ကို ရည်ရွယ်၍ စာအုပ်စာပေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလှူဒါန်းပေးပြီး ကျောင်းသားကျောင်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ မြို့နယ်ပါတီအတွင်းရေးမှူး ဦးနိုင်လင်းနှင့် ပါတီဝင်များဖြစ်ကြသော ဦးလှမိုး၊ ဦးဟန်ဦး၊ ဦးသိန်းဇော်၊ ဒေါ်လင်းလင်းခိုင်တို့အဖွဲ့သည် ဇလွန်မြို့ ညောင်ပင်ဈေး (၄)လမ်းရှိ သံဃာ့ဒါနဆွမ်းလောင်းရုံတွင် တတိယ အကြိမ် မြောက် မြို့မဓမ္မာရုံကျောင်း ပရိယတ္တိစာသင်တိုက်မှစာချစာသင် သံဃာတော်အပါး ၂ဝဝ ကျော်အား ငွေကျပ် ၂၅ဝဝဝဝ တန်ဖိုးရှိဆန်၊ ဆီလှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ငွေသန်း(ဇလွန်)


Leave a Reply