ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးမှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

 

ပဲခူး မေ ၂၉

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပဲခူးမြို့နယ်ဘုရားလေး ကျေးရွာရှိ ဘုရားလေး အခြေခံပညာ အထက်တန်းကျောင်းနှင့် ဘုရားလေးအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) များသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် ကျောင်းသုံး ဗလာစာအုပ်များနှင့် ဘောပင် များကို လှူဒါန်းပေး ခဲ့ကြသည်။

ဘုရားလေး အခြေခံပညာ အထက်တန်းကျောင်းအတွက် ဗလာစာအုပ် ၁၅ ဒါဇင်နှင့် ဘောပင် နှစ်ဘူး၊ ဘုရားလေး အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အတွက် ဗလာစာအုပ် ၁ဝ ဒါဇင်နှင့် ဘောပင်နှစ်ဘူးတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)