မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော် နတ်မောက် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်သိန်းကျော် သည် ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်နိုင်၊ ဦးဟန်ဇော် တို့ လိုက်ပါလျက် ယနေ့ နံနက် ၉း၃၀ အချိန်က နတ်မောက် မြို့နယ်ပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင် များနှင့် တွေ့ဆုံခဲ့ပြီး ပါတီဌာနချုပ်၏ လမ်းညွှန်ချက်၊ ရက် ၉၀ လုပ်ငန်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် တိုင်းဒေသကြီးပါတီကော်မတီ၏ လမ်းညွှန်ချက် များအား ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ၊ နယ်မြေအခြေအနေများ၊ တင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဌ ဦးဇော်လတ်မိုး နှင့် ကော်မတီဝင် များ တက်ရောက်ကြောင်း သိရသည်။