ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တောင်သူလယ်သမားများနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမင်းခန့်ကျော်နှင့် ပါတီ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက အောက်စည်တီးအရှေ့ကျေးရွာအုပ်စု စျေးညောင်ပင်ကြီး ကျေးရွာရှိ ဒေသခံပါတီဝင်တောင်သူလယ်သမားများနှင့်နယ်မြေကွင်းဆင်းတွေ့ဆုံခဲ့သည် ။

တွေ့ဆုံခဲ့ရာတွင်မြို့နယ်ပါတီဥက္ကဌမှ ပါတီ၏ကိစ္စရပ်များအားဆွေးနွေးပြောကြားခဲ့ပြီး တောင်သူလယ်သမားများ၏ ရင်ဆိုင်ကြုံတွေ့နေရသော မျိုးစေ့ မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေး၊ သီးနှံစျေးကွက် ၊ ရာသီဥတုဆိုင်ရာအခက်အခဲများ ၊ ပါတီ၏တောင်သူလယ်သမားရေးရာဆိုင်ရာ မူဝါဒ သဘောထားများ ၊ အမျိုးသမီးရေးရာဆိုင်ရာကဏ္ဍ သဘောထား များအားအကျယ်တဝင့်တွေ့ဆုံဆွေးနွေးခဲ့သည် ။ ဆွေးနွေးချက်များအပေါ်တက်ရောက်လာသော ဒေသခံပါတီဝင် တောင်သူလယ်သမားများမှပြန်လည်ဆွေးနွေးခြင်း ၊ အကြံပြုခြင်း ၊ တင်ပြခြင်းများအားဆောင်ရွှက်ခဲ့ပြီး လုပ်ဆောင် ရမည့်ပါတီလုပ်ငန်းစဥ်များအား ချမှတ်နိုင်ခဲ့သည် ။

#USDP #Bago