သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုမ္ဗိနီဘိုးဘွားရိပ်သာသို့ လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လက်ယက်စမ်းကျေးရွာ အုပ်စု ထားမလုံကျေးရွာရှိ လုမ္ဗိနီဘိုးဘွားရိပ်သာသို့ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ လုမ္ဗိနီဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။ ပေးအပ်လှူဒါန်းပွဲတွင် သန်လျင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ တိုက်နယ်တာဝန်ခံ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်မင်းထွန်း နှင့် တာဝန်ရှိသူများက လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ နို့ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ဘိုးဘွားရိပ်သာ တာဝန်ရှိသူများ ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။  အဆိုပါ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ တိုက်နယ်တာဝန်ခံ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖ ဦးအေးကြူ၊ ဦးဝင်းဌေး၊ လက်ယက်စမ်း ကျေးရွာအုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ရန်မျိုးအောင်