ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌကျေးရွာများသို့ကွင်းဆင်း၍ ပါတီလုပ်ငန်းစီမံချက် များအကောင်ထည်ဖော် ဆောင်ရွှက်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးမောင်ယုနှင့်မြို့နယ်ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၁ ရက် နှင့် ၂၂ ရက်နေ့များတွင် ဝေါမြို့နယ်အတွင်းရှိ စိုင်တီစုကျေးရွာနှင့် အလင်းရောင်ရပ်ကွက်ရှိပါတီအမာခံများ ပါတီအားဝန်းရံထောက်ခံသူရပ်မိ/ ရပ်ဖများနှင့်တွေ့ဆုံ၍ ပါတီ၏စည်းရုံးရေးဆိုင်ရာလုပ်ငန်းများအား ဆောင်ရွှက် ခဲ့သည် ။

တွေ့ဆုံခဲ့ရာတွင်မြို့နယ်ပါတီဥက္ကဌမှ ပါတီအဆင့်ဆင့်၏ပြုပြင်ပြောင်းလဲမှုများ ၊ တိုင်းပါတီဥက္ကဌ၏ လုပ်ငန်း လမ်းညွန် မှာကြားမှုများ ၊ PRစနစ်အကြောင်း ၊ ရက် ၉၀ ပါတီလုပ်ငန်းစီမံချက် ၊ ရေးရာကော်မတီများဖွဲ့စည်းထားရှိမှု ၊ ပါတီဝင်အမာခံမြေပြင်စာရင်းမှန်ရရှိရေး ၊ ဗဟို တိုင်း ခရိုင် မြို့နယ်ပါတီများ၏လှုပ်ရှားမှုများ ၊ ပါတီဝင်အချင်းချင်း စုစည်း စည်းလုံးမှုရှိစေရေး စသည့်ကိစ္စရပ်များအား တွေ့ဆုံရှင်းလင်းခဲ့သည် ။ တက်ရောက်လာကြသူများမှ ပါတီ၏လုပ်ဆောင်ချက် ရပ်တည်ချက်များအပေါ်အကြံပြုခြင်း ဆွေးနွေးခြင်း မေးမြန်းခြင်းများအား ဆောင်ရွှက်ခဲ့ပြီး ရှေ့လုပ်ငန်းစဥ်များချမှတ်အတည်ပြုဆွေးနွေးနိုင်ခဲ့သည် ။

#USDP #Bago