ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၁၈

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  ပြင်ဦးလွင်ခရိုင် / မြို့နယ်ရုံးတွင် တတိယအကြိမ်ပါတီညီလာခံ ( ၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  ပြင်ဦးလွင် ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား၌တိုင်းပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တတိယအကြိမ် ပါတီညီလာခံ ( ၂၀၂၂ )အတွေ့အကြုံများ၊ ပါတီအကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ၊

တိုင်းအတွင်းရေးမှူးနှင့်တိုင်းပါတီကော်မတီဝင်များ၊ ခရိုင် ဥက္ကဌ /အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင် မြို့နယ် ဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။