ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာ – ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီ ညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်(မြန်အောင်ခရိုင် နယ်မြေတာဝန်ခံ) ဦးကျော်ဝင်းနိုင်၊ မြန်အောင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်က တတိယအကြိမ် ပါတီညီလာခံ (၂၀၂၂)အတွေ့အကြုံများရှင်းလင်းခြင်း၊ မြန်အောင်ခရိုင်ပါတီအတွင်းရေးမှူးမှ အချိုးကျကိုယ်စားပြုစနစ် PR နှင့်ပတ်သက်သည့် အသေးစိတ် အချက်များအား Power Point ဖြင့် ရှင်းလင်းခြင်း၊ ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌမှ ပါတီဥက္ကဌကြီး ဦးခင်ရီ၏ လမ်းညွှန်ချက်များအား ရှင်းလင်းခဲ့ပြီးရှေ့လုပ်ငန်းစဉ်များရှင်းလင်းခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်းခဲ့သည်။