ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွိုင်လင်လေးမြို့ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်များတွေ့ဆုံပွဲ

 

ယမန်နေ့ ၆-၂-၂၀၁၈ ရက်နေ့  နံနက်(၉း၃၀)နာရီ အချိန်တွင်  ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင် လေးမြို့ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပပြုလုပ်ပါသည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များ    လိုက်ပါပြီး လွိုင်လင်လေးမြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဆိုင်းဘုတ်အား ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေ၊ လွိုင်ကော်မြို့နယ် ကော်မတီဝင်         လွိုင်လင်လေးမြို့တာဝန်ခံ ဦးတင်မြင့်နှင့် လွိုင်လင်လေးမြို့ စည်းရုံးရေးမှူး ဦးဝင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြီးနောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ပါတီမှတာဝန်ရှိသူများမှ ဆိုင်းဘုတ်အား အမွေးနံ့ရည်သာများဖြင့်ဖြန်းပက်ပေးခဲ့ကြပါသည်။

ဆက်လက်ပြီး လွိုင်လင်လေးမြို့ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီး ကျောင်းတိုက်မှ ဆရာတော်အားဖူးမျှော်ကန်တော့၍ ဆရာတော်အားလှူဘွယ်ဝထ္ထု န၀ကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးပြီး သာသာနာ့ရောင်ခြည်ကျောင်း တိုက် ဓမ္မာရုံတွင် စည်းရုံးရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်နှင့် အမျိုးသမီးများတွေ့ဆုံ၍ ပြည်နယ်ပါတီမှ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် ဦးကျော်သင်း၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌဦးမောင်ရွှေတို့မှ ပါတီ ရှေ့လုပ်ငန်းစဉ်များ ချပြဆွေးနွေးခဲ့ပါသည်။

၎င်းဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်များတွေ့ဆုံပွဲ အခမ်းအနားသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော် မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးကျော်သင်းနှင့် ဦးကျော်မြင့်၊ လွိုင်ကော်ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ဥက္ကဌ ဦးမောင်ရွှေနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များလိုက်ပါကာ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ပြီး နံနက်(၁၁း၃၀)နာရီတွင် ပြီးစီးကြောင်း သတင်း ရရှိသည်။

လမင်း ချစ်သူ