သီရိလင်္ကာတွင် ဆန္ဒပြ တက္ကသိုလ်ကျောင်းသားများ ဖမ်းဆီးခံရ

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုမြို့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တို့ အောက်တိုဘာ ၁၈  ရက်က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ကီလန်နီယာတက္ကသိုလ်ကျောင်းသားတွေ မြို့လယ်ကို ချီတက်ဆန္ဒပြစဉ် ရဲတပ်ဖွဲ့က တားဆီးတာကြောင့် ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲက ကျောင်းသားတချို့ကို ထိန်းသိမ်းထားတာကိုလည်း တွေ့ရပါတယ်။

သပိတ်ကို ဆက်ထွက်ခွင့်မရတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ်ဆီကို ပြန်သွားပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းပေါင်းစုံသမဂ္ဂ (IUSF) က အခု သပိတ်ကို ဦးဆောင်နေတာဖြစ်ပြီး ဒီကျောင်းသား သပိတ်ကြောင့် ဝန်ကြီးချုပ်ရာဂျာပတ်ဆာနဲ့ ဝန်ကြီးတွေ ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။

အခုတကြိမ် သပိတ်မှောက်တာကတော့ ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြသူတွေကို အစိုးရက အကြမ်းဖက်မှု တားဆီးရေး အက်ဥပဒေနဲ့ ဆက်လက် ဖမ်းဆီးနေတာကို ရပ်တန့်ဖို့ ကျောင်းသားတွေက ဆက်ပြီး တောင်းဆိုတဲ့အနေနဲ့ ပြုလုပ်နေကြတာပါ။ dvb