စင်ကာပူ၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦး ရှိပြီဖြစ်ကြောင်း အတည်ပြု

14199756_1748208608752973_662199277013844940_n

စင်ကာပူ သြဂုတ် ၂၉

စင်ကာပူနိုင်ငံတွင် ဒေသတွင်းဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ကူးစက်ခံရသူ အများစုသည် နိုင်ငံခြားမှ ဆောက်လုပ်ရေး လုပ်သားများဖြစ်ကြပြီး နိုင်ငံ အတွင်းရှိ တူညီသောဒေသတစ်ခုတည်း၌ အလုပ်လုပ်ကိုင် နေထိုင်သူများဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လတ်တလောတွင် ဇီကာဗိုင်းရပ်စ်ကူးစက် ခံရသည့်နေရာ များသို့ သွားရောက်ခဲ့သူတစ်ဦး တစ်ယောက်မျှ မရှိသေးကြောင်း သိရသည်။ ကူးစက်ခံရသူ ၄၁ ဦးအနက် ၃၄ ဦးမှာ ပြန်လည် သက်သာကောင်းမွန်လာခဲ့ပြီဖြစ်သည်။ သို့သော် ခုနစ်ဦးမှာ ဆေးရုံ၌ ဆက်လက်ကုသမှုခံယူနေဆဲဖြစ်သည်။

ဇီကာဗိုင်းရပ်စ်ရောဂါမှာ မပြင်းထန်လှဟု ဆိုနိုင်သော်လည်း သန္ဓေသားမွေးဖွားမှုဆိုင်ရာ ချို့ယွင်းမှုနှင့် အကြီးအကျယ် ဆက်နွှယ်လျက်ရှိသည်။

ထိုသို့ချို့ယွင်းမှု လက္ခဏာရပ်တွင် မိုက်ခရိုဆဲဖလီ (Microcephaly)ခေါ် ဦးခေါင်းသေးငယ်သည့် ကလေးမွေးဖွား ခြင်းလည်း ပါဝင်သည်။ ဇီကာဗိုင်းရပ်စ်သည် ခြင်ကြောင့် ပျံ့နှံဖြစ်ပွားပြီး လိင်မှတစ်ဆင့်လည်း ကူးစက်နိုင် ကြောင်း သိရသည်။

(ဘီဘီစီ)


Leave a Reply