ရော်နယ်ဒို၏ မှတ်တမ်းသစ်ဖြင့် မန်ယူနိုင်ပွဲရ

တနင်္ဂနွေညမှာကစားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက နောက်ဆုံးပွဲမှာတော့ မန်ယူအသင်း ဟာ ရော်နယ်ဒိုရဲ့မှတ်တမ်းသစ်နဲ့အတူ ရလဒ်ကောင်းခဲ့ပါတယ်။ အဝေးကွင်းမှာ အဲဗာတန်အသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး မန်ယူအသင်း နောက်ကနေလိုက်ကစားကာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

ကွင်းလယ်လူသစ် ကက်စ်မဲရိုးကို ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် မန်ယူအသင်း အသုံးပြုခဲ့သလို ရော်နယ်ဒိုကတော့ အရံစာရင်းမှာသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူကစားပုံ မတည် ငြိမ်သေးတဲ့ ပွဲအစ ၅ မိနစ်မှာတင် အီဝိုဘီက အိမ်ရှင် အဲဗာတန်အတွက် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာ ပါ။ ဒါကြောင့် မန်ယူတိုက်စစ်ပိုကြိုးစားခဲ့ရသလို ပွဲချိန် ၁၅ မိနစ်မှာ အန်တိုနီက ပထမဆုံး ပရီးမီးယား လိဂ် ၃ ပွဲစလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး မန်ယူကစားသမားအဖြစ်နဲ့ ချေပဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မာရှယ်ရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရတဲ့ ရော်နယ်ဒိုက ပွဲချိန် ၄၄ မိနစ်မှာ ကစားသမားဘဝ ကလပ်အသင်းသွင်းဂိုး ၇၀၀ မြောက်အဖြစ် သွင်းယူပြီး အနိုင်ရလဒ် ယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ တော့ မန်ယူအသင်းဟာ ၈ ပွဲ ကစားအပြီး ရမှတ် ၁၅ မှတ် နဲ့ အဆင့် ၅ မှာ ရပ်တည်နိုင်ခဲ့သလို ဦးဆောင် သူ အာဆင်နယ်နဲ့ တစ်ပွဲလျော့ ၉ မှတ် ကွာဟနေပါတယ်။