ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ မဲခွဲထုတ်ပြန်

ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သလို ၄ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိတဲ့ ယူရိုပြိုင်ပွဲရဲ့ ၂၀၂၄ ခုနှစ်အတွက် ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေကို တနင်္ဂနွေညက မဲခွဲထုတ်ပြန်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြိုမှာ ခြေစစ်ပွဲစဉ် မဲခွဲပွဲကို ကျင်းပခဲ့တာဖြစ်ပြီး အုပ်စု A မှာ နာမည်ကြီး စပိန်နဲ့အတူ စကော့တလန်၊ နော်ဝေ၊ ဂျော်ဂျီယာ နဲ့ ဆိုက်ပရပ်စ် တို ပါဝင်ခဲ့ကြတာပါ။  အုပ်စု B မှာတော့ နယ်သာလန် နဲ့ ပြင်သစ် တိုလို ထိပ်တန်းအသင်းတွေ အတူ ကျရောက်ခဲ့သလို အုပ်စု C မှာလည်း အီတလီ နဲ့ အင်္ဂလန် အသင်းတိုဟာ ယူကရိန်း၊ မက်စီဒိုးနီးယား နဲ့ မော်လ်တာ အသင်းတွေနဲ့ အတူပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ နဲ့ အင်္ဂလန် အသင်းတိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ကြပြီး အီတလီအသင်းက အနိုင်ရကာ ချန်ပီယံဖြစ်ထားတာပါ။

အသင်းပေါင်း ၅၅ သင်း ကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်မှာ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်မှာ အဆုံးသတ်ဖို စီစဉ်ထားပါတယ်။