ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်ဆုဝန် (Gen Prawit Wongsuwan) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာနတွင် ဖော်ပြထားသည်။

Thailand Army Minister

ပရာဝတ်သည် မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး ယနေ့ ( ဇွန် ၂၉ ရက် ) မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

ပရာဝတ်သည် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး လုံခြုံရေးနှင့် နှစ်နိုင်ငံ တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ပရာဝတ်သည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပရာဝဒ်ဝေါင်ဆုဝမ်သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကာ လက်ရှိတွင်လည်း ကာကွယ်ရေး ၀န်ကြီးဌာန ဝန်ကြီးအဖြစ် တွဲဖက်တာဝန်ယူထားသူဖြစ်သည်။

‪Democracytoday


Leave a Reply