2022 AFF Mitsubishi Electric Cup တွင် မြန်မာဘောလုံးအသင်း အုပ်စုကြပ်

2022 AFF Mitsubishi Electric Cup အုပ်စုမဲခွဲပွဲကို  ဩဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပပြုလုပ်ခဲ့သည်။မြန်မာလက်ရွေးစင်အသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ထဲမှ ခြေစစ်ပွဲအောင်အသင်း တို့ ပါ၀င်မည်ဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်(AFF) ၏ သတ်မှတ်မှုအရ Pot-1 တွင် နောက်ဆုံးကျင်းပခဲ့သည့် ပြိုင်ပွဲ(၂)ကြိမ်တွင် ချန်ပီယံဖြစ်ခဲ့သော ၂၀၂၀ ချန်ပီယံ ထိုင်း၊ ၂၀၁၈ ချန်ပီယံ ဗီယက်နမ်၊ Pot-2 တွင်မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-3 တွင် စင်ကာပူနှင့် ဖိလစ်ပိုင်၊ Pot-4 တွင် မြန်မာနှင့် ကမ္ဘောဒီးယား၊ Pot-5 တွင် လာအို နှင့် ခြေစစ်ပွဲအောင်အသင်းတို့ ပါဝင်ခဲ့သည်။မြန်မာအသင်းသည် ဒီဇင်ဘာ ၂၄ ရက် တွင် အိမ်ကွင်းပွဲစဉ်အဖြစ် မလေးရှား၊ ဒီဇင်ဘာ ၂၇ရက် တွင် အဝေးကွင်းပွဲစဉ်အဖြစ် စင်ကာပူ၊ ဇန်နဝါရီ ၂ရက်တွင် အိမ်ကွင်းပွဲစဉ်အဖြစ် လာအို၊ ဇန်နဝါရီ ၅ရက်တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။