ယူအက်စ်အိုးပင်းကို ဆီရီနာဝီလျံနိုင်ပွဲနှင့်စတင်

အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံဟာ ယူအက်စ်အိုးပင်း ပထမအဆင့်မှာ နိုင်ပွဲရယူပြီး ဒုတိယအဆင့် ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ဆီရီနာဝီလျံနဲ့ မွန်တီနီဂရိုး တင်းနစ်မယ် ကိုဗီနစ်တို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ကိုဗစ်နစ်က ဆီရီနာထက် ကမ္ဘာ့အဆင့်(၈၀)ကျော်မြင့်တာကြောင့် ဆီရီနာအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲလို့ သုံးသပ်ခဲ့ကြပါတယ်။ ပွဲကစားချိန်မှာတော့ ဆီရီနာက အကောင်းဆုံးပုံစံနဲ့ ကိုဗီနစ်ကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ဆီရီနာဝီလျံက (၆:၃၊၆:၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး ဒုတိယအဆင့်ကို တက်သွားခဲ့ပါတယ်။ ဆီရီနာဝီလျံဟာ ယူအက်စ်အိုးပင်း ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာ ဖြစ်တယ်လို့ ပြောကြားထားလို့ အခုပွဲစဉ်ကို ပရိသတ် စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ပရိသတ် (၂)သောင်းခွဲ နီးပါး လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒုတိယအဆင့်မှာ ဆီရီနာဝီလျံဟာ ဒီပြိုင်ပွဲရဲ့ ဆီဒင်အဆင့်(၂)ရထားတဲ့ အက်စ်တိုးနီးယားတင်းနစ်မယ် ကွန်တာဗိတ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။