သြစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ အန်ဒီမာရေး ဘရစ်ဘိန်းမြို့ကို ရောက်ရှိ

ဗြိတိန်နံပါတ်တစ်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲအကြို ATP ပွဲစဉ်လေးတွေ ယှဉ်ပြိုင်ဖို့ ဒီဇင်ဘာလ(၃၀)ရက်၊ စနေနေ့မှာ ဘရစ်ဘိန်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

မူဘာဒါလာကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်သရုပ်ပြပွဲမှာ စပိန်တင်းနစ်သမား ရော်ဘတ်တိုကို ရှုံးနိမ့်ခဲ့ပြီးနောက် အဘူဒါဘီကနေ သြစတြေးလျကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

မာရေးဟာ လက်ရှိကမ္ဘာ့အဆင့်(၁၆)နေရာမှာ ရပ်တည်နေတဲ့သူပါ။ တင်ပါးဒဏ်ရာကြောင့် အမေရိကန် အိုပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပြီးနောက် ယခုအခါမှာ မာရေးဟာ ပြန်ကစားနိုင်ပြီဖြစ်ပါတယ်။

မာရေးဟာ ဘရစ်ဘိန်းအင်တာနေရှင်နယ်ပြိုင်ပွဲမှာ ဆီဒင်ဒုတိယရရှိခဲ့ပြီး ဇန်န၀ါရီလ(၁၅)ရက်မှာ စတင်ကျင်းပမယ့် ယခုနှစ်ပထမဆုံး အဓိက ပြိုင်ပွဲကြီးဖြစ်တဲ့ သြစတြေးလျအိုပင်းမတိုင်မီ ပြိုင်ပွဲအတွေ့အကြုံရရှိဖို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မာရေးဟာ ညာဘက်တင်ပါးဒဏ်ရာကြောင့် ဘရစ်ဘိန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ တယ်လို့သိရပါတယ်။  -Ref; Sky sports