Suzuki Myanmar ကထုတ်လုပ်မှုခေတ္တရပ်ဆိုင်းထားရဟုထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မယ့် ကားအစိတ်အပိုင်းတွေကို ပြည်ပက တင်သွင်းရာမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် Suzuki(Myanmar) Motor Co;Ltdနဲ့ Suzuki Thilawa Motor Co;Ltdတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားရတယ်လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒါကြောင့် အရောင်းပြခန်းတွေမှာ ဝယ်ယူသူတွေက စာရင်းသွင်းမှာယူထားတဲ့ ကားတွေကို လွှဲအပ်ဖို့ ကြန့်ကြာနေပြီး ကားအပ်နိုင်မယ့်အချိန်ကာလကို အတိအကျမပြောနိုင်တဲ့အတွက်လည်း တောင်းပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရောင်းပြီးသားကားတွေရဲ့ Serviceပိုင်းနဲ့ ပတ်သက်လို့ကတော့ အပြောင်းအလဲမရှိဘဲ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါ်လာဈေးဂယက်ကြောင့် ပြည်ပကတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက် သွားပြီး ဒေါ်လာဝယ်ယူရာတာခက်နေတာကြောင့် တချို့လုပ်ငန်းတွေ ရပ်နားထားရတဲ့အထိ ဖြစ်နေတာဖြစ်ပါတယ်။