တောင်ကိုရီးယားသို့ မြန်မာလုပ်သားသစ် ၁၅၀ ထပ်မံသွားရောက်

တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားများကို ပြန်လည်လက်ခံလျက်ရှိရာ ဇူလိုင် ၁၉ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၅၀ ကို ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့ကို တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ခြင်း လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော် ရောက်ရှိ လုပ်ကိုင်နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနစာရင်းများအရ သိရသည်။