ဂါရတ်ဘေးလ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကာဒစ်ဖ်အသင်း ဆွေးနွေးညှိနှိုင်းနေ

ဝေးလ်ကလပ်ကာဒစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကနေ အလွတ်ထွက်ခွာခဲ့တဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ် ကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေကြောင်း ဘေးလ်ရဲ့ကိုယ်စားလှယ်တွေက BBC ကို အတည်ပြုခဲ့ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဘေးလ်ဟာ ရီးရဲလ်နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းဟောင်းစပါးကို ပြန်ကစားမယ်လို့သတင်းထွက်နေသလို အမေရိကန်မေဂျာလိဂ်ကိုသွားရောက်ကစားဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ကာဒစ်ဖ်အသင်းရဲ့ဥက္ကဌ မီမက်ဒယ်လန် က ဘေးလ်ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းခဲ့တာပါ။ ဘေးလ်ဟာ ကာဒစ်ဖ်မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူလည်း ဖြစ်ပါတယ်။ BBC Sports