သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာရင် နေမာကို PSG အသင်း ရောင်းချသွားဖွယ်ရှိ

တိုက်စစ်မှူးနေမာအတွက် တခြားကလပ်အသင်းတစ်ခုခုက သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ရင် PSG အသင်းဘက်က ရောင်းချသွားဖွယ်ရှိကြောင်း Goal.com ဝက်ဆိုက်က ဖော်ပြခဲ့ပါတယ်။

နေမာဟာ ၂၀၁၈ ခုနှစ်က ဘာစီလိုနာကနေ PSG  ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ PSG ဟာ နေမာရဲ့ လစာငွေအမြောက်အမြားကို ပေးချေနေရတဲ့အပြင် တိုက်စစ်မှူးဘက်ပီကို ဆက်ထိန်းထားဖို့ဆုံးဖြတ်လိုက်တာကြောင့် ကုန်ကျစရိတ်တွေ များပြားလာခဲ့ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးနေမာကတော့ လက်ရှိ PSG  အသင်းကနေ ထွက်ဖို့အစီအစဉ် မရှိသေးကြောင်း မီဒီယာအင်တာဗျူးတွေမှာ ပြောထားပါတယ်။ Goal.com