လူကာကူကို အငှားချဖို့ အင်တာမီလန်အသင်းနဲ့ ချဲလ်ဆီး မူအားဖြင့် သဘောတူညီမှုရ

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို အငှားချဖို့အတွက် အင်တာမီလန်အသင်းနဲ့မူအားဖြင့်သဘောတူ ညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရ အင်တာမီလန်ဟာ လူကာကူကိုအငှားနဲ့ခေါ် ယူဖို့အတွက် ချဲလ်ဆီးကို ပေါင်(၆.၉)သန်းအပြင် add-ons ကြေးထပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစစ်မှူးအနေနဲ့ ဆန်စီရိုကိုအငှားနဲ့မထွက်ခွာခင် လာမယ့်တစ်ပတ်မှာ အင်တာမီလန်နဲ့ ဆေးစစ်ဆေးမယ်လို့ မျှော်လင့်ရပါတယ်။ သဘောတူညီမှုအတွက် စာရွက်စာတမ်းတွေအပြီးသတ်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။  ဒါပေမယ့် အင်တာမီလန်အသင်းအနေနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လူကာကူကို အမြဲတမ်းစာချုပ်နဲ့ ဝယ်ယူခွင့်ရှိမှာမဟုတ်ပါဘူး။ ချဲလ်ဆီးဟာ လူကာကူကို ပေါင်(၉၈.၅)သန်းနဲ့ ခေါ်ယူခဲ့ရတာကြောင့် လျှော့ဈေးနဲ့သူ့ကိုလက်လွှတ်ရဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲ့ ၂၀၂၆ခုနှစ်အထိစာချုပ်သက်တမ်း ကျန်နေသေးတဲ့ လူကာကူဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအပြီးမှာ ချဲလ်ဆီးကို ပြန်လာရမှာဖြစ်ပါတယ်။