ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကို စံချိန်တင် အမြင့်ပေ ပျံသန်းနိုင်ပြီ

ကယ်လီဖိုးနီးယား အခြေစိုက် Stratolaunch ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ် Roc ကို ၇ ကြိမ်မြောက် စမ်းသပ်ပျံသန်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Mojave Desert ပေါ်မှာ ၃ နာရီနဲ့ ၁ မိနစ်ကြာ ပျံသန်းခဲ့ပြီး အမြင့်ပေ ၂၇,၀၀၀ (၈,၂၀၀ မီတာ) အထိ စံချိန်တင် ပျံသန်းနိုင်ခဲ့ပါတယ်။

Stratolaunch ရဲ့ CEO နဲ့ ဥက္ကဌ Dr. Zachary Krevor က “ ဒီနေ့ ပျံသန်းမှုဟာ Stratolaunch အဖွဲ့ရဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အမြင့်ပေ ၂၇,၀၀၀ ကို စံချိန်တင် ပျံသန်းနိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။

ကုမ္ပဏီဟာ အစပိုင်းမှာ ဒုံးပျံတွေနဲ့ ဂြိုလ်တုတွေကို သယ်ဆောင်ဖို့ Roc ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Roc မှာ Boeing အင်ဂျင် ၆ လုံးတပ်ဆင်ထားပြီး တောင်ပံအရှည်က ၃၈၅ ပေ (၁၁၇ မီတာ) ရှိပါတယ်။

၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီ တည်ထောင်သူ Paul Allen ကွယ်လွန်သွားတဲ့အတွက် Stratolaunch ရဲ့ ကံကြမ္မာဟာ ပြောင်းလဲသွားခဲ့ပါတယ်။ Microsoft ရဲ့ ပူးတွဲ တည်ထောင်သူ Paul Allen ဟာ ကမ္ဘာပတ်လမ်းကြောင်းကို ဂြိုလ်တုတွေ လွှတ်တင်ဖို့ Stratolaunch ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Ref : inceptivemind