မာဆေးနှင့်ပွဲတွင် ဖြစ်ပွားခဲ့သောပြဿနာကြောင့် နေမာ နှစ်ပွဲပယ်ခံရ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ သည် မာဆေးနှင့်ပွဲတွင် ဖြစ်ပွားခဲ့သောပြဿနာများကြောင့် နှစ်ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရပြီဖြစ်သည်။ နေမာသည် အဆိုပါပွဲစဉ်တွင် ထုတ်ပယ်ခံရသော ကစားသမားငါးဦးအတွင်း အပါအဝင် ဖြစ်ခဲ့သည်။ ၄င်းသည် ပြိုင်ဘက် ကစားသမား ဂွန်ဇာလက်၏ ခေါင်း အား နောက်မှရိုက်ခဲ့ခြင်းကြောင့် ထုတ်ပယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။ အစောပိုင်းတွင် ဂွန်ဇာလက်က ၄င်းအား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း နေမာက ဖွင့်ဟ ခဲ့သည်။ ယခုအခါတွင် စပိန်ဘောလုံး အဖွဲ့ချုပ်က နေမာ၏ ပြစ်ဒဏ်ကျူးလွန်မှုအား သတိထားမိခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်မှုပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် နေမာနှင့်အတူ ထုတ်ပယ်ခံခဲ့ရသော ပီအက်စ်ဂျီကစားသမား ကာဇာဝါ မှာ ခြောက်ပွဲပယ် ပြစ်ဒဏ်အထိ ချမှတ်ခံခဲ့ရသည်။ ကာဇာဝါသည် ပြိုင်ဘက်ကစားသမားအား ထိုးကြိတ်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချ မှတ်ခံရခြင်းလည်းဖြစ်သည်။ ဒီမာရီယာမှာမူ ပြိုင်ဘက်အား တံတွေးနှင့်ထွေးခဲ့ခြင်းအတွက် စုံစမ်း စစ်ဆေး ခံနေရသည်။   Ref; Skysport