ICC ပြိုင်ပွဲ (၃)ပွဲ ကစားခြင်းအတွက် ရီးယဲလ်မက်ဒရစ်အသင်း ယူရို(၁၂)သန်း ရရှိမည်

13735157_1743320752587475_5940277518169062793_o

ရီးယဲလ်မက်ဒရစ် အသင်းသည် International Champions Cup ပြိုင်ပွဲတွင် (၃)ပွဲ ယှဉ်ပြိုင်ကစားခြင်းအတွက် ယူရို(၁၂)သန်း ရရှိမည်ဖြစ်ကြောင်း စပိန်ထုတ် Marca သတင်းစာက ဖော်ပြသည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ယင်းပြိုင်ပွဲတွင် PSG ၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ် အသင်းတို့နှင့် ဆုံတွေ့နေပြီး ယင်း(၃)ပွဲစလုံးကို အမေရိကန်နိုင်ငံတွင် ကစားရမည်ဖြစ်သည်။

ပြီးခဲ့သည့် ရာသီတွင် ရီးယဲလ်မက်ဒရစ် အသင်းသည် သြစတြေးလျနှင့် တရုတ်တို့တွင် သွားရောက် ကစားခဲ့ရာ ယူရိုသန်း(၂၀)အထိ ရရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ကို ရွေးချယ်ခဲ့ခြင်းကြောင့် ၀င်ငွေလျော့ကျခဲ့ကြောင်း သိရသည်။

 

Photo: Marca


Leave a Reply