ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ သံယာတော်များအား ဝါဆိုသင်္ကန်းနှင်ပ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ကျောင်းတိုက် ၁၆ ကျောင်းမှ သံယာတော် ၁၆ပါးအား ယမန်နေ့ နံနက် ၁ဝနာရီ တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ် ပါတီရုံး၌ဝါဆိုသင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးသောဘိတထံမှ ငါးပါးသီလ ခံယူပြီးနောက် ဝါဆိုသင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အဆိုပါ ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ရန်ကုန်

တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်ဝင်း၊ ပါတီဗဟိုကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးဆန်းဝင်းနှင့် ပါတီဝင် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။