ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး စားသောက်ကုန်ရိက္ခာ ငါးမျိုးထောက်ပံ့

 

မြစ်ကြီးနား စက်တင်ဘာ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်ပါတီ ရုံးဝင်းအတွင်း၌ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင်များကို စားသောက်ကုန် ရိက္ခာငါးမျိုး ဖြစ်သော ဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်ဥနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ပါတီရုံး ဦးစီးအဖွဲ့ဝင် များက အသီးသီးလက်ခံရယူ ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ (ဗန်းမော်)