မအူပင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ

 

မအူပင် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးလျက် ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ၌ မအူပင်မြို့နယ် တာပတ် အရှေ့ကျေးရွာအုပ်စု ဘုရားသုံးဆူကျေးရွာရှိ ပါတီဝင်ဦးစံကြည်နေအိမ် ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးရန်နိုင်နှင့် မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်တို့က မိမိပါတီ၏ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက် နေမှုများ၊ ယနေ့နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေသည်များကို ရှင်း လင်းဆွေးနွေးခြင်း၊ ဒေသခံပါတီဝင်များက တင်ပြဆွေးနွေးခြင်း၊ တင်ပြ ချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူးဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ဒေသခံပြည်သူများ၊ ရွာမိရွာဖများ၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့်ကျေးရွာ ပါတီကော်မတီဝင်များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်မောင်(မအူပင်)