ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တောင်သူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

ပုသိမ် ဇူလိုင် ၂၉

ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ကျင်းပသော တောင်သူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပုသိမ်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင် တင်မြင့်၊ စိုက်ပျိုးရေးပညာရှင် တိုင်းစိုက်ပျိုးရေးမန်နေဂျာ(ငြိမ်း)ဦးမြင့်သိန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပုသိမ်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ အင်အား ၂ဝ၊ ကျေးရွာများမှတောင်သူ ၁၆၅ ဦး၊ ဝိစာရကုမ္ပဏီမှ တာဝန်ခံ ငါးဦး စုစုပေါင်းဦးရေ ၁၉ဝ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပထမဦးစွာ ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်က အခမ်းအနားကျင်းပရ ခြင်းနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဝိစာရကုမ္ပဏီမှ စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်က လမ်းညွှန် အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးÓဏ်လင်း က လမ်းညွှန်အမှာစကားပြောကြားခြင်းနှင့် တိုင်းစိုက်ပျိုးရေးမန်နေဂျာ (ငြိမ်း)ဦးမြင့်သိန်းက စိုက်ပျိုးရေးဗဟုသုတများ အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

တက်ရောက်လာကြသော တောင်သူများက တောင်သူနှင့်စိုက်ပျိုး စရိတ်၊ တောင်သူနှင့်မြေယာကဏ္ဍ၊ တောင်သူနှင့်သွင်းအားစုများ၊ တောင်သူနှင့်လက်ရှိနိုင်ငံရေးခေါင်းစဉ်လေးခုအား အစုအဖွဲ့လေးဖွဲ့ ခွဲ၍ ဆွေးနွေးပြီး တွေ့ရှိချက်များကို အစုအဖွဲ့ခေါင်း ဆောင်များက တင်ပြကြပါသည်။ တွေ့ရှိချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး ကော်မတီဝင် ဦးပြုံးချိုက ခြုံငုံသုံးသပ်ဆွေးနွေးသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းဇော်က ကျေးဇူးတင်စကားပြော ကြားပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာပြီး မြောက်ကြောင်း သိရသည်။

USA