ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၏ဇနီးနှင့်အဖွဲ့တို့က စစ်ကြောင်းကြီးများကို ဂုဏ်ပြုပန်းကုံး ပန်းစည်းများဖြင့်ကြိုဆို

 

(၇၃)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပရာ စစ်ကြောင်းကြီးများ အလိုက် ပါဝင်ချီတက်လာသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၏ ဇနီးများက ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် ဂုဏ်ပြုပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြသည်။

ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ဇနီး ဒေါ်စိုးဝတ်ရည်၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၏ဇနီး ဒေါ်ထွေးထွေးညွန့်၊ အထွေထွေအတွင်းရေးမှူး၏ဇနီးတို့နှင့် ဗဟိုအလုပ်အမှုဆောင်များ၏ ဇနီးများ၊ ဗဟိုကော်မတီဝင်များ၏ဇနီးများ၊ ပါတီဝင်အမျိုးသမီးများက စစ်ကြောင်းကြီးများမှ စစ်သည်တော်များအား သောင်းသောင်းဖြဖြကြိုဆိုကြကာ ဂုဏ်ပြုပန်းကုံးများစွပ်၊ ပန်းစည်းများ ကမ်းကာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Union daily