ရွာလုံးကျွတ် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနား

(၂၁-၁၀-၂၀၁၇) ရက်နေ့ ဗဟိုအလုပ်အမှုဆောင်(ကရင်ပြည်နယ်တာဝန်ခံ) ဦးသူရိန်ဇော် ၊ ပြည်နယ်ပါတီဥက္ကဌ ဦးစောမြင့်ဦး ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ပလဲ့ကျေးရွာအုပ်စု စမ္ပါ လိုက်ကျေးရွာသို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကန်တော့ခြင်း ရွာလုံးကျွတ်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ကျေးရွာပါတီဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားခြင်း ကျေးရွာပါတီဝင်များကိုယ်စား ကျေးရွာသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း ပါတီဝင်အဆိုပြုလွှာများပေးအပ်ခြင်း လိုအပ်ချက်များအား တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာဓမ္မာရုံအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါသည်။