ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ဆိပ်ကြီးခနောင်တိုမြို့နယ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

 

ရန်ကုန် သြဂုတ် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပသည့် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသူ ကျောင်းသား ကျောင်းသူ ၁ဝ၉ ဦးအား ဂုဏ်ပြု ချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တက္ကသိုလ် ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၁ဝ၉ ဦးအနက် ဂုဏ်ပြုငွေ ပေးအပ်ပွဲ ပထမနေ့အဖြစ် ကျောင်းသား ကျောင်းသူ ၅၅ ဦးကို အချိန်ခွဲ၍ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းနှင့်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်တို့က ဂုဏ်ပြုငွေ များ အသီးသီးပေးအပ် ခဲ့ကြသည်။

ကျန်ရှိသည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဆက်လက်ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။