ဒီရာသီ (၄)ပွဲမြောက် ဂရင်းပရီနိုင်ပွဲကို ဟာမီတန် ရယူ

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ စပိန်ဂရင်းပရီပြိုင်ပွဲမှာ မာစီးဒီးစ်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ ဟာမီတန်က အနိုင်ရခဲ့ ပါတယ်။ ဘာစီလိုနာမှာရှိတဲ့ ကာတာလူညာ ကားပြိုင်ကွင်းကို (၆၆)ပတ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး ထိပ်ဆုံးကနေ တာထွက်ခဲ့ရတဲ့ ဟာမီတန်ဟာ ပွဲချိန်တစ်လျှောက် အကောင်းဆုံး ပုံစံနဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ ပါတယ်။

ဟာမီတန်က (၁)နာရီ (၃၁)မိနစ် (၄၅)စက္ကန့်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရက်ဘူးလ်အသင်းရဲ့ နယ်သာလန် ဒရိုင်ဗာ မက်စ်ဗာစတက်ပန်က (၂၄)စက္ကန့်အကွာနဲ့ ဒုတိယရခဲ့ပါတယ်။ တတိယနေရာကိုတော့ မာစီးဒီးစ်ဒရိုင်ဗာ ဘော့တက်စ်က ရပ်တည်နိုင်ခဲ့ပါတယ်။

အခုနိုင်ပွဲဟာ ဟာမီတန်အတွက် (၅)ခုမြောက် စပိန်ဂရင်းပရီ ချန်ပီယံဆု ဖြစ်ပါတယ်။ ပြိုင်ပွဲ (၆)ခုအပြီးမှာ (၄)ခုအနိုင်ရခဲ့တဲ့ ဟာမီတန်က (၁၃၂)မှတ်နဲ့ ချန်ပီယံအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ ဗာစတက်ပန်က (၉၅)မှတ်နဲ့ ရပ်တည်နေပါတယ်။ one news