မဂ်လာဒုံခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့(၁.၁၁.၂၀၂၂) နေ့လည် (၁၃:၀၀)က မဂ်လာဒုံ ခရိုင် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခဘဏ္ဍာရေးမှုး ဦးထွန်းထွန်းဦးနှင့် ခရိုင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်က ပါတီဥက္ကဋ္ဌ ဦးခင်ရီ ၏ လမ်းညွှန်မှာကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ခရိုင်ပါတီကော်မတီအင်အားတိုးချဲ့ရေးများ ရှင်းလင်းပြောကြား၍ တက်ရောက်လာသော ခရိုင်ပါတီတာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၄:၃၅)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

မဂ်လာဒုံ ခရိုင် USDP

မီဒီယာ