ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မြစ်သား ဇန်နဝါရီ ၂၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကို ယမန်နေ့ နံနက် ၉နာရီက ကျန် တောကျေးရွာ ပါတီကော်မတီဝင် ဦးစိန်ဝင်းထွန်းနေအိမ်၌ ကျောက် ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမွှေးနံ့သာ များဖြင့်ပက်ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်အခမ်း အနားသို့ ကျောက်ဆည်ခရိုင်ပါတီ အတွင်းရေးမှူးဦးစန်းမြင့်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနား အပြီးတွင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။