မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့ဟောင်းကျေးရွာရှိ အိမ်ခြေ ၂၅ဝအား နှာခေါင်းစည်းနှင့်ဆပ်ပြာများ နေအိမ်အရောက် အခမဲ့ဖြန့်ဝေပေး

ကချင်ပြည်နယ်မိုးမောက်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ မိုးမောက်မြို့နယ် မြို့ဟောင်းကျေးရွာရှိ အိမ် ခြေ ၂၅ဝ တို့အား နှာခေါင်းစည်း နှင့် ကာဘော်လစ်ဆပ်ပြာများ နေအိမ်အရောက်အခမဲ့ ဖြန့်ဝေပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲအထိ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပါတီဥက္ကဋ္ဌဒေါက်တာ ထွန်းနိုင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်လွင်၊ ဦးမောင်မောင်တင်နှင့် ဦးတင့်ဆွေ တို့က Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း နှင့် လက်ဆေးရန် ကာဘော်လစ် ဆပ်ပြာများအား နေအိမ်အရောက် တစ်အိမ်တက်ဆင်းသွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။