ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရာသီတုပ်ကွေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈)ရပ်ကွက် အပိုင်(E)ဘလောက်   အတွင်းရှိလမ်းများအား မိုးရာသီ  သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၈နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးဦးကျကာလ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကင်းရှင်းစေရန် အတွက်လမ်းအသီးသီးရှိရေမြောင်းများ၊ နေအိမ်ကြားများအား ခြင်ဆေးဖျန်း ဆောင်ရွက်ခဲ့ကြပြီး COVID-19 ကာလ ကျန်းမာရေးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါပြည်သူ့ကျန်းမာရေး ဆောင်ရွက်မှုများအား ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြိုနယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေး၊ ပါတီအတွင်းရေးမှူး ဦးထွန်းလွင်၊ မြို့နယ် ပါတီကော်မတီဝင် ဦးကျော်ကျော်၊ ဦးဇော်မင်းထွန်း၊ ဒေါ်သင်းသင်းဆွေ၊ နယ်မြေတာဝန်ခံ  ဦးခင်မောင်ဝင်း၊ အရန်ပါတီကော်မတီဝင် ဦးရွှေဝင်း၊ မြို့နယ်ကြက်ခြေနီ တပ်ခွဲမှူး ဦးထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ (E)ဘလောက်ရပ်မိရပ်ဖများနှင့် လမ်းပါတီကော်မတီများ က ခြင်ဆေးဖျန်းရာတွင် လမ်း အလိုက် လိုက်ပါဆောင်ရွက်ခြင်း နှင့် ခြင်ဆေးဖျန်းရာတွင် လိုအပ်သော လောင်စာဆီများအား ပြည်သူများက ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ် များအား ရပ်ကွက်အသီးသီးသို့ ဆက်လက်ကူညီဆောင်ရွက်မည်ဟု သိရသည်။