ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ၂ဝ၁၅-၂ဝ၁၆ မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကို ရမ်းဗြဲမြို့နယ်မြေပုံရွာ မြေပုံအထက(ခွဲ)ကျောင်း ခန်းမ၌ ယခုလ ၆ရက် မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဋ္ဌ ဦးလှထွန်းဖြူနှင့် ဘဏ္ဍာရေးမှူး ဦးမြမင်း၊ မြေပုံကျေးရွာအုပ်စုမှပြည်ခိုင်ဖြိုး ရပ်/ ကျေးခေါင်းဆောင်များနှင့်အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ များတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးလှထွန်းဖြူ က ပညာရည်ချွန်ဆုပေးပွဲနှင့်ပတ်သက်ပြီး ရှင်း လင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တာဝန် ရှိသူများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက်ပြော ကြားခဲ့သည်။ပညာရည်ချွန်ဆုပေးရာ၌ သူငယ် တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အဆက်ဆက် ပညာရည်ချွန်ဆုများကို မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုများပေး အပ်ခဲ့ကြကြောင်း သိရသည်။

အောင်လှဖြူ