လွတ်လပ်ရေးနေ့စာပေဟောပြောပွဲ ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို မြို့နယ် ပါတီရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်က ကျင်းပသည်။ အဆိုပါစာပေဟောပြောပွဲသို့ စာရေး ဆရာများဖြစ်သော မောင်ငြိမ်းသူ(ကြို့ပင်ကောက်)နှင့် ညွန့်ဟံ(ကြူတော)တို့က အသီးသီးဟောပြောခဲ့ကြသည်။

ဝင်းမင်းထွန်း(ဒဂုံမြောက်)