ရေးပြည်ခိုင်ဖြိုး ပြည်သူ့ကျန်းမာရေးအတွက် ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

15-mon3

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူများ ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရေးကို အလေးထား ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ (၁၃) ရက်နေ့က ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအား မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ပါတီဝင်များက ရေးမြို့နယ် ချောင်းတောင်ကျေးရွာ၊ ကလော့လေး (အရှေ့/အနောက်) ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင် ကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်


Leave a Reply