လောင်းလုံးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများသို့ ဆန် ဆီ ကြက်သွန်လှူဒါန်း

 

လောင်းလုံး ဇွန် ၂၈

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် အောက်ကျောက်ဝပ် ကျေးရွာ၌ အရှေ့ကျောင်း နှင့်မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်နီများကိုသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ သံဃာတော်များ COVID ကာလအတွင်း ဆွမ်းရေးအခက်အခဲမဖြစ်စေရန်အတွက် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ဆန်လေးအိတ်၊ ဆီတစ်ဘူး ကြက်သွန်နီ တစ်အိတ်ကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်မောင်မြင့်၊ အတွင်းရေးမှူး ဦးသိန်းသန်း၊ တိုင်းဒေသကြီးပါတီလူငယ်တာဝန်ခံဦးကျော် ကျော်၊ မြို့နယ် ပါတီနာယက ဦးတင်ဝင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးမင်း၊ ဦးကျော်မိုးဦး၊ ဒေါ်ချိုချိုစန်းနှင့် ဦးဖေအောင်တို့က သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်က မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များအား သီလပေး၍ သြဝါဒချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။မင်းယုသဏ်း