ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

ရန်ကုန် ဇွန် ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ် (၅၆) ရပ်ကွက်အတွင်း ဒေသခံမိဘပြည်သူများ ကျန်းမာရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်ရန် ဆေးဖျန်းခြင်းအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းအား ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး ဦးဆောင်၍ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်ကျော်၊ ဦးဇော်မင်းထွန်း၊ အရန်ပါတီကော်မတီဝင် ဦးရွှေဝင်း၊ အမှတ် (၅၆) ရပ်ကွက် နယ်မြေတာဝန်ခံ ဦးသန့်ဇင်ဝင်း၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌဦးညွန့်ရှိန်နှင့် ရပ်ကျေးပါတီ ကော်မတီဝင်များ၊ လူငယ်၊ အမျိုးသမီးပါတီဝင်များဖြင့် (၅၆)ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အပိုင် (၁၁) လမ်းများရှိ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်ဆေး ဖျန်းခြင်းအား မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးခဲ့ကြသည်။

ဇော်ရဲထွဋ်