ပုလဲမြို့နယ်တွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလဲ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ပုလဲမြို့နယ် အင်းကန် ကျေးရွာအုပ်စု အင်းကန်ကျေးရွာ ဦးဖိုးနီနေအိမ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ပွဲအခမ်းအနားနှင့် ပါတီ ဝင်များအား ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွား ရေး၊ လူမှုရေးအခြေအနေများ တွေ့ ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ယင်းမာ ခရိုင်ပါတီအတွင်းရေးမှူးဦးမြင့်စိုး၊ ပုလဲမြို့နယ်တာဝန်ခံ ခရိုင်ပါတီ ကော်မတီဝင် ဦးမောင်မောင်ဝင်း (ခရိုင်လူငယ်တာဝန်ခံ)၊ပုလဲမြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင့်ဆွေ၊ အတွင်း ရေးမှူး ဦးအောင်မြင့်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌတို့က အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပြီး ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

မောင်မောင်ဝင်း