ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာများထဲတွင် ပါဝင်သော အမေဇုန်အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ဂျက်ဖ်ဘီဇော့ဖ်သည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် အမေရိကန် ဒေါ်လာ တစ်ဆယ်ဘီလီယံ လှူဒါန်းမည်ဖြစ်ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။

ဂျက်ဖ်ဘီဇော့ဖ်သည် လှူဒါန်းမည့်ငွေများအား ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအား လျှော့ချရန် ရည်ရွယ်သည့်လေ့လာမှုများအား ငွေကြေးထောက်ပံ့ခြင်း၊ သိပ္ပံပညာရှင်များအား အထောက်အပံ့ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် ပါဝင်နေသော တက်ကြွလှုပ်ရှားသူများနှင့် အုပ်စုလိုက် လှုပ်ရှားသူများအား ထောက်ပံ့ခြင်းစသည့်လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်သည်။ ဂျက်ဖ်ဘီ ဇော့ဖ်က ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဆိုးကျိုးသက်ရောက်မှုများ ကြီးမားလာခြင်းကို ဝိုင်းဝန်း ကာကွယ်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။ ဂျက်ဖ်ဘီဇော့ဖ်၏လက်ရှိကြွယ်ဝမှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၃ဝ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

Ref; BBC