ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်အမှာစကား ပြောကြား

 

ငဖဲ ၊ သြဂုတ် ၂၆

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော စည်းရုံးမှုစွမ်းရည်မြှင့် သင်တန်းအား ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိန်ရွှေမင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင် ကော်မတီဝင်များ၊ ငဖဲမြို့နယ်ပါတီဥက္ကဌ ဦးအောင်နိုင်လင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးစီးမှူးများ၊ လူငယ်ရေးရာ၊ တောင်သူလယ်သမားရေးရာ၊ အမျိုးသမီးရေးရာ၊ မီဒီယာရေးရာစသည့် ရေးရာအလိုက် အသီးသီး တက်ရောက်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ USDP, Magway Region