ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 

ကျုံပျော် မေ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဆောင်၍ ဒိုက်ပျက်တိုက်နယ် အတွင်းရှိ ကျေးရွာများဖြစ်သော သက္ကယ်ပြင် ကျေးရွာအုပ်စု မိုးမခ ကျေးရွာရှိ မြို့နယ်အရန် ပါတီကော်မတီ ဦးအောင်ဌေး၏ အိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ ဒိုက်ပျက်တိုက်နယ် တာဝန်ခံ ဦးထွန်းထွန်းဦး (၂)၊ ဦးသန်းဝင်း၊ ဦးလှဌေး၊ ဦးအောင်မိုးနှင့် ဒိုက်ပျက်တိုက်နယ်အတွင်းရှိ ကျေးရွာပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါခဲ့သည်။ ညနေပိုင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အဖွဲ့သည် အထောင်တိုက်နယ် သိမ်းကုန်းကျေးရွာရှိ ပါတီဝင် ပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ သန်းနိုင်ဦး(ကျုံပျော်)