၂ဝ၁၉ ခုနှစ်၏ ဂျာမနီအကောင်းဆုံးကစားသမားအဖြစ် မာကိုရူးစ် ရွေးချယ်ခံရ

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်သည် ၂ဝ၁၉ ခုနှစ်၏ ဂျာမနီ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ် ခံခဲ့ရသည်။ ဂျာမနီရှိ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ပြီး Kicker အားကစားမဂ္ဂဇင်းက ဆုချီးမြှင့်ပေး ခြင်းလည်းဖြစ်သည်။ မဲပေးရွေးချယ် သူစုစုပေါင်း ၅၄ဝ အတွင်းမှ ၁၅၈ ဦး၏ မဲပေးခြင်းကို ခံခဲ့ရသည်။ လီဗာကူဆင်မှ ကိုင်ဟာ ဗတ်သည် ၁၂၁ မဲဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ဘိုင်ယန်မှကင်မစ်ခ်ျ က ၃၅မဲဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ မာကို ရူးစ်သည် ပြီးခဲ့သောရာသီတွင် လိဂ်ပွဲ ၂၇ ပွဲ၌ ၁၇ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်သည်။ Ref ;Bundesliga