မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရသူအား ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ထပ်ဆင့်ဂုဏ်ပြုပွဲ ပြုလုပ်

 

ရန်ကုန် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြန်မာနိုင်ငံ လုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရသူ မဆုလာဘ်ထာအား ထပ်ဆင့်ဂုဏ်ပြု အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ပြုလုပ်ရခြင်း ရည်ရွှယ်ချက်အား မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးရွှေဘော် (ခ) ဦးဝင်းထွန်း နိုင်က မိမိတို့ပါတီသည် အမျိုးဘာသာသာသနာကို စောင့်ရှောက်သော၊ ထိန်းသိမ်းသော ပါတီဖြစ်၍ ယခုလို ကော့မှူးမြို့ ဂုဏ်ဆောင်ခဲ့ပြီး ဗုဒ္ဓဝင်များအား စိတ်ဝင်တစား လေ့လာကျက်မှတ်ကာ၊ နှလုံးအိမ်တွင်း သိမ်းဆည်း လျက်ဖြေဆိုနိုင်ခဲ့သည့်အတွက် ထိုက်တန်သော ဆုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ ယခုပွဲသို့ ပရဟိတ အသင်းများ ဖိတ်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီသည် အသင်းဘဝကစပြီး ပရဟိတလုပ်ငန်းများ ဆောင်ရွက်လာခဲ့သည့်အတွက် ပရဟိတလုပ် ငန်းလုပ်ဆောင်သူ များအား ကိုယ်ချင်းစာပီတိပွားလျက် အကူအညီ လိုအပ်ခဲ့သည့် အချိန်တိုင်း ပြည်ခိုင်ဖြိုးပါတီအား သတိရစွာ အကူအညီ တောင်းခံနိုင်ကြောင်း၊ မြို့နယ် ပည်ခိုင်ဖြိုးပါတီအနေဖြင့် တတ်စွမ်းနိုင်သလောက် ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပထမဆုရှင် မဆုလာဘ်ထာအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။ ထို့နောက် မဆုလာဘ်ထာ၏ ကိုယ်စားမိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်က ”အခုလို အခမ်းအနားနဲ့ သမီးလေးကို ဂုဏ်ပြုပွဲလုပ်ပေးတာမျိုးကို မပြောပါနဲ့ဦး။ FACEBOOK မှာ POST တင်လိုက်တဲ့အောက်မှာ ဂုဏ်ယူပါ တယ်တို့၊ ဘာတို့၊ Comment တွေ ပေးတာတောင် မိခင်တစ်ဦးအနေနဲ့ အတိုင်းအတာမဲ့ ဂုဏ်ယူပီတိဖြစ်ခဲ့ ရတာပါ။ အခုလို ပြည်ခိုင်ဖြိုး မိသားစုတွေက ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်” ဟု ကျေးဇူးတင်စကား ပြောခဲ့သည်။ အခမ်းအနားသို့ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကကြီးများ၊ မြို့နယ်အတွင်းရပ်ကွက် ကျေးရွာများမှ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ပရဟိတအသင်းများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။  မြတ်ဟိန်းကျော်(ကော့မှူး)