လျှပ်စစ်မီးလင်းရေးအတွက် လှူဒါန်းပွဲ လွှတ်တော်ကိုယ်စားလှယ်တက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရွှေစစ်သည်အုပ်စု ရွာသစ်ကျေးရွာ ဘုရားကုန်းဓမ္မာရုံ၌ ယမန်နေ့ နံနက် ၁ဝနာရီမှစတင်၍ လျှပ်စစ်မီးလင်းရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ပင့်သံဃာ ငါးပါးတို့အား ဆွမ်းကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်း ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ရာ စုစုပေါင်းကျပ်သိန်း ၁၄ဝ တိတိ လှူဒါန်းပေးအပ်ခဲ့ပြီး အလှူငွေပေးအပ်ပွဲသို့ မိတ္ထီလာမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုး အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ ကြသည်။

စိုးလှိုင်(ထီလာ)